- အရင်ဆုံး Thuta Khit TV App ထည့်သွင်းမယ့်စက်မှာ Play Store ပါရင် Downloader by AFTVnews လို့ရိုက်ရှာပြီးအရင်ဒေါင်းပေးပါ။ APP ပုံစံက အောက်မှာပြပေးထားပါတယ်။ မိမိရဲ့စက်က Play Store မပါရင် သုံးလို့မရရင် အောက်က လင့်ကနေဒေါင်းထည့်လိုက်ပါ။ မိမိအဆင်ပြေတဲ့ဆီကလဲ ဒေါင်းလို့ရပါတယ်။
Downloader by AFTVnews APP Download Link >> Downloader by AFTVnews APP
- စက်ထဲကို Downloader by AFTVnews APP ထည့်ပြီးရင် ဖွင့်လိုက်ပါ။ ပုံထဲကလိုပေါ်လာရင် ALLOW ကိုနှိပ်ပေးလိုက်ပါ။
- OK ပေါ်လာလဲ နှိပ်ပြီးပိတ်လိုက်ပါ။
- အောက်ကလို အဆင့်ကိုရောက်ပြီဆိုရင် ဒေါင်းမယ့်လင့် ထည့်လို့ရပါပြီ။ အောက်မှာဆက်လက်ကြည့်ပေးပါ။
- မျှားပြထားတဲ့အကွက်ထဲမှာ မိမိဒေါင်းမယ့် Thuta Khit TV App Link ကိုထည့်ရမှာဖြစ်ပါတယ်။ လင့်က တိုတိုလေးဖြစ်တဲ့အတွက် စာလုံးတွေကို အကုန်အသေးအကြီးမှန်အောင်ရိုက်ထည့်ပေးပါ။ မှားရင် ရှေ့ဆက်အဆင့်တွေလုပ်လို့မရနိုင်ပါဘူး။ ဒီနေရာမှာ App Update Link တွေက အမြဲပြောင်းပါတယ်။ နောက်ဆုံး Thuta Khit TV App Link ကိုအောက်မှာ အမြဲ Update လုပ်ပေးသွားပါမယ်။ ပုံထဲက လင့်က နမူနာပြပေးထားတာပါ။
Thuta Khit TV App (Version 4.1.5 Update Link) >> https://thuta.net/ttktv
Thuta Khit TV App (Version 4.1.5 Update Link) >> https://thuta.net/ttktv
- မိမိထည့်ထားတဲ့လင့်တွေ ပြန်စစ်ပြီး မှန်ပြီဆိုရင် GO ကိုနှိပ်လိုက်ပါ
- ဒီနေရာမှာ လင့်မှားထည့်ရင်လဲ Error ပြမှာဖြစ်ပြီး Internet Connection လုံလောက်စွာမရရင်လဲ Error ပြပါတယ်။ အားလုံးမှန်ရင်အောက်က ပုံထဲကလို စတင်ဒေါင်းလုတ်ဆွဲပေးမှာဖြစ်ပါတယ်။
- ဒေါင်းလုတ်ဆွဲလို့ အောင်မြင်သွားရင် အောက်လိုပေါ်လာမှာဖြစ်ပါတယ်။ Install ကိုနှိပ်ပြီး မိမိစက်ထဲကို ထည့်လို့ရပါပြီ။ ဒီနေရာမှာ Install ကိုနှိပ်တဲ့ အခါ စက်တစ်ခုနဲ့ တစ်ခုက ပါမစ်ရှင်တွေ မတူတဲ့အတွက် တချို့စက်တွေမှာ Setting ဆိုပြီး Box လေးပေါ်လာရင် ထိုပေါ်လာတဲ့ Setting ကိုနှိပ်လိုက်ပါ။ Downloader by AFTVnews APP ကိုရှာပြီး ON ပေးလိုက်ပါ။ ပြီးရင် Back နဲ့ပြန်လာပြီး Install လုပ်လိုက်ပါ။
နောက်ဆုံး အဆင့်ပြီးလို့ အောက်ကလိုပေါ်လာရင် အောင်မြင်စွာ ထည့်သွင်းပြီးဖြစ်ပါတယ်။ တစ်ကြိမ်လုပ်ကြည့်ရုံနဲ့ အရမ်းလွယ်ကူတာ သိပါလိမ့်မယ်။ APP Update တွေဘယ်လောက်ထွက်ထွက် အခုလို နည်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အားလုံးအဆင်ပြေကျပါစေ။ အခက်အခဲရှိပါက ADMIN နှင့်ဆက်သွယ်ပေးပါ။ Thuta Khit TV App ကိုအသုံးပြုပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။