Android Box များအတွက် 1DM Downloader ဖြင့် APP ထည့်နည်း

မိမိစက်ထဲမှာရှိတဲ့ Play Store ကိုဝင်ပါ။ ပုံ (၁) မှာပြထားသလို 1DM လိုရိုက်ရှာလိုက်ပါ။

ပုံ (၂) မှာပြသလို ပေါ်လာတဲ့ထဲမှာ အနီရောင် ၀ိုင်းပြထားတဲ့ APP ကို နှိပ်လိုက်ပါ။

အချို့ Android Box များတွင် Version ပေါ်မူတည်ပြီး 1DM Lite ဆိုပြီးပေါ်တတ်ပါတယ်။ ထို App ဖြင့်လဲ ထည့်သွင်းလို့ရပါတယ်။

 

ပုံ (၃) မှာ INSTALL ကိုနှိပ်ပါ

1DM App သည် Free Version နှင့် Paid Version ဆိုပြီး (၂) မျိုးရှိပါတယ်။ အခမဲ့ Version ကိုသာထည့်သွင်းပြီး အသုံးပြုပါ။

 

 

ပုံ (၄) တွင် ဒေါင်းလုတ်စတင်ဆွဲနေပြီဖြစ်ပါတယ်။ ကျန်အဆင့်များ ဆက်လက်ကြည့်ရှုပါ။

 

ပုံ (၅) တွင် 1DM APP ကိုဒေါင်းလို့ပြီးသွားပြီဖြစ်လို့ OPEN ကိုနှိပ်ပြီးဖွင့်ပေးပါ

 

ပုံ (၆) တွင် ဘာသာစကားရွေးခိုင်းတာဖြစ်လို့ Select ကိုသာဆက်နှိပ်ပါ။

 

ပုံ (၇) မှာတော့ Thuta Khit TV App ဒေါင်းပြီးပါက စက်ထဲထည့်ရန်အတွက် ခွင့်ပြုချက်တောင်းတာဖြစ်ပါတယ်။ ALLOW ကိုရွေးပေးပါ။

 

ပုံ (၈) မှာ စက်ရဲ့ ဘယ်ဖိုင်ထဲကို ထည့်မလဲ ဖိုင်လိုကေးရှင်းကိုမေးတာဖြစ်ပြီး ဘာမှလုပ်စရာမလိုပဲ SELECT ကိုနှိပ်ပါ။

 

ပုံ (၉) မှာတော့ မလိုအပ်တဲ့အတွက် CANCEL ကိုသာနှိပ်လိုက်ပါ။

 

ပုံ (၁၀) မှာတော့ Thuta Khit TV APP ကိုဒေါင်းဖို့အတွက် လင့်ထည့်ရန် (+) ကိုနှိပ်ပါ Add Link ကိုရွေးပေးပါ

Remote နှင့် နှိပ်မရပါက Mouse Function ကိုအသုံးပြုရမှာဖြစ်ပါတယ်။ 

 

ပုံ (၁၁/၁၂) မှာတော့ Thuta Khit TV APP နောက်ဆုံးဗားရှင်းေါးင်းရန်အတွက် လင့်ကိုပြထားတဲ့အတိုင်းထည့်ပြီး CONNECT ကိုနှိပ်ပါ။

 

 

ပုံ (၁၃) လို ပေါ်လာပါက START ကိုနှိပ်ပြီး စတင်ဒေါင်းပါ

 

ပုံ (၁၄) ကတော့ 100% ဒေါင်းလုတ်ဆွဲတာအောင်မြင်သွားတာဖြစ်ပြီး မိမိဒေါင်းလိုက်တဲ့ ဖိုင်ကို နှိပ်လိုက်ပါ။ ပုံ (၁၅) ကို ဆက်လက်ကြည့်ရှုပါ။

 

Thuta Khit TV APP နောက်ဆုံးဗားရှင်းကို ဒေါင်းပြီးလို့ မိမိစက်ထဲကိုထည့်သွင်းမှာဖြစ်လို့ INSTALL ကိုနှိပ်ပါ။

 

 

Thuta Khit TV App အောင်မြင်စွာ Update တင်ပြီးသွားလို့ Open ကိုနှိပ်ကာ တန်းသုံးနိုင်သလို Done ကိုနှိပ်ကာ အပြင်ပြန်ထွက်ပြီး မိမိစက်ထဲမှာ Thuta Khit TV App icon ကိုနှိပ်ပြီးလဲ ဖွင့်သုံးနိုင်ပြီဖြစ်ပါတယ်။ အဆင်မပြေတာရှိပါက ပုံလေးရိုက်ပြီး Thuta Khit Admin Team ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။