FAQs

FAQs for Thuta Khit Mobile Phone APP

  • ဖုန်းမှာအသုံးပြုဖို့အတွက် လစဉ်ကြေး/နှစ်စဉ်ကြေးတွေရှိပါသလား?
    Mobile Phone မှာအသုံးပြုဖို့အတွက် မည်သည့် အခကြေးငွေမှ ပေးစရာမလိုပဲ (အခမဲ့) အသုံးပြုနိုင်ပါတယ်။
  • ဖုန်းနဲ့အသုံးပြုရင် အင်တာနက်ဖိုး ကုန်ကျပါသလား?
    Application အသုံးပြုဖို့သာ (အခမဲ့) လုပ်ဆောင်ပေးထားတာဖြစ်ပြီး မိမိအင်တာနက်ကို အသုံးပြုရတာကြောင့် မိမိအသုံးပြုသလောက် Data ကုန်ကျမှုရှိပါမယ်။
  • Android Phone အတွက်ဘယ်မှာ ဒေါင်းလုတ်ဆွဲရမလဲ?
    Google Play Store မှာအလွယ်တကူဒေါင်းလော့ရယူနိုင်ပါတယ်။
  • Application ၀င်ဖို့ ထည့်ရတဲ့ ကုဒ်နံပါတ်က ဘယ်လောက်ပါလဲ?
    မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ခုနှစ် (1948) ကိုထည့်ပေးရမှာဖြစ်ပါတယ်။
  • IOS အတွက်ရော အသုံးပြုလို့ရပါသလား?
    လောလောဆယ် IOS အတွက် Application ထုတ်ထားတာမရှိသေးပါဘူး။
  • Thuta Khit App ကိုသုံးဖို့အတွက် အင်တာနက် ဘယ်လောက်လိုလဲ?
    အင်တာနက်နဲ့ အသုံးပြုရတာဖြစ်တာကြောင့် လိုင်းကောင်းလေ ပိုအဆင်ပြေလေဖြစ်ပါတယ်။ ပုံသေတစ်ခုသက်မှတ်ထားတာတော့မရှိပါဘူး။
  • Thuta Khit App သုံးဖို့ VPN လိုအပ်ပါသလား?
    VPN လို/မလို သတ်မှတ်ချက်မရှိပဲ မိမိသုံးတဲ့ အင်တာနက်ပေါ်မူတည်ပြီး လိုအပ်ရင် အသုံးပြုကြည့်နိုင်ပါတယ်။
  • ဖုန်း Application မှာကြော်ငြာ (AD) တွေပါပါသလား?
    ရေရှည်ရပ်တည်နိုင်ရန်အတွက် အခမဲ့ထုတ်ပေးထားတဲ့ ဖုန်း Application မှာကြော်ငြာထည့်သွင်းထားပါတယ်။

FAQs for Thuta Khit TV APP (Android TV, Android Box, Smart TV)

  • Thuta Khit TV Application အသုံးပြုဖို့ဘာတွေလိုပါလဲ?
    Android TV, Android Box များတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
  • Samsung Smart TV / LG Smart TV တွေမှာထည့်သုံးလို့ရပါသလား?
    Samsung Tizen OS, LG WebOS တွေမှာထည့်သုံးလို့မရနိုင်သေးပါဘူး။
  • Thuta Khit TV Application ရဲ့ဈေးနှုန်းကဘယ်လောက်လဲ?
    Thuta Khit TV App မှာ တစ်ရက်လျှင် (၅၀ ကျပ်)၊ တစ်လလျှင် (၁၅၀၀ ကျပ်) ဖြင့်အသက်သာဆုံး ဆောင်ရွက်ပေးထားပါတယ်။
  • Thuta Khit TV Application ကိုအနည်းဆုံး ဘယ်နှစ်လ၀ယ်ယူရပါသလဲ?
    ဘယ်နှစ်လ အနည်းဆုံးဝယ်ယူရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ မိမိအတွက် အဆင်ပြေသလိုဝယ်ယူနိုင်ပြီး (၁၂လ) အထိ ကြိုတင်ဝယ်ယူထားနိုင်ပါတယ်။
  • သက်တမ်းက တစ်လကို ဘယ်နှစ်ရက်ရပါသလဲ?
    Thuta Khit TV App ရဲ့တစ်လစာ သက်တမ်းကို ရက်ပေါင်း (၃၀) ဖြင့် System ကအလိုလျောက်တွက်ချက် ထည့်သွင်းပေးပါတယ်။
  • သက်တမ်းကုန်/မကုန် ဘယ်လို သိရှိနိုင်မလဲ?
    Thuta Khit TV App ရဲ့ ဘယ်ဘက် MENU အောက်ခြေမှာလဲ အလွယ်တကူ စစ်ဆေးနိုင်သလို မိမိစာရင်းသွင်းထားတဲ့ ဘယ်ဘက် အပေါ်ထောင့်က အကောင့်ကို နှိပ်ပြီးလဲ ကြည့်ရှုနိုင်ပါတယ်။
  • Thuta Khit TV App က Devies ဘယ်နှစ်လုံးထိသုံးလို့ရပါသလဲ?
    အကောင့်တစ်ခုကို လက်ရှိမှာ စက်တစ်လုံးသာ ခွင့်ပြုထားပြီး အခြားစက်မှာ အကောင့်ထပ်ပြီး ၀င်ပါက ယခင်ဝင်ထားတဲ့ စက်မှာ သတိပေးစာပေါ်ပြီး အလိုအလျောက် အကောင့်ထွက်သွားမယ့် စနစ်ကို အသုံးပြုလုပ်ဆောင်ထားပါတယ်။
  • သက်တမ်းမကုန်ခင် ဘယ်နှစ်ရက်ကြိုတိုးလို့ရလဲ? လက်ကျန်သက်တမ်းရော ပြန်ပေါင်းပေးပါသလား?
    မိမိကြိုက်နှစ်သက်တဲ့ ရက်မှာ သက်တမ်းတိုးဆောင်ရွက်နိုင်ပြီး လက်ကျန်သက်တမ်းရှိပါက အလိုအလျောက် ထည့်ပေါင်းပေးပါတယ်။
  • Thuta Khit TV App ကိုသက်တမ်းဝယ်ယူပါက အချိန်ဘယ်လောက်စောင့်ရပါသလဲ?
    ပုံမှန်အားဖြင့် ချက်ချင်းဆောင်ရါက်ပေးပြီး သက်တမ်းတိုးတဲ့ သူအရမ်းများပါက နေ့ချင်းပြီးဆောင်ရွက်ပေးပါတယ်။ အကောင်းဆုံးကတော့ မိမိလက်ကျန်သက်တမ်း မကုန်ခင် ကြိုတိုးထားခြင်းဖြင့်မိမိအတွက်ပို၍အဆင်ပြေစေပါတယ်။
  • Thuta Khit TV App မှာဘာတွေကြည့်လို့ရလဲ?
    Thuta Khit TV App မှာ နိုင်ငံတကာဘောလုံးပွဲစဉ်များ၊ ဟိုက်လိုက်များ၊ ပြည်တွင်းပြည်ပ တီဗွီချန်နယ်များ၊ ရုပ်ရှင် နှင့် စီးရီးများစွာကို အလွယ်တကူကြည့်ရှုနိုင်ပါတယ်။
  • TV Channels တွေကပုံသေရှိလား?
    TV Channels တွေမှာ အမြဲပုံသေမရှိပါဘူး။ သက်ဆိုင်ရာ ရုပ်သံလင့်တွေက ရံဖန်ရံခါ အမြဲပြောင်းတာမျိုးရှိတာကြောင့် Update အမြဲလုပ်ဆောင်ပေးရတာကြောင့်ပါ။ တစ်ခါတစ်လေ ရုပ်သံလင့်ပျက်တတ်တာကြောင့် လင့်အသစ်ရတဲ့အခါ ပြန်လည်ပြင်ဆင်ပေးပါတယ်။
  • Thuta Khit TV App မှာ ဇာတ်ကားတွေရောတောင်းလို့ရပါသလား?
    ဟုတ်ကဲ့။ တောင်းလို့ရပါတယ်။ တောင်းဆိုလာသူတွေကို စစ်ဆေးပြီး တောင်းဆိုထားတဲ့ ဇာတ်ကားတွေကို အလှည့်ကျထည့်သွင်းပေးပါတယ်။
  • Thuta Khit TV App မှာကြော်ငြာ (AD) တွေပါပါသလား?
    ဖုန်းလိုမျိုး ကြော်ငြာ (AD) တွေမပါဝင်ပါဘူး။
  • Thuta Khit TV App ကိုဘယ်လို သက်တမ်းတိုးရမလဲ?
    မိမိရဲ့စက်မှာ စာရင်းသွင်းထားတဲ့ အကောင့်အချက်အလက်ကို ပြပြီး Facebook Messenger (သို့) Viber No – 09799979924 မှာဝယ်ယူသက်တမ်းတိုးနိုင်ပါတယ်။
  • စက်ရဲ့အကောင့် Password မေ့သွားရင် ဘယ်လိုလုပ်ဆောင်ရမလဲ?
    မိမိသက်တမ်းဝယ်ယူခဲ့တဲ့နေရာမှာ ၀ယ်ယူဖူးတဲ့ အကောင့် အချက်အလက်လေးပြပြီး ပြန်ချိန်းခိုင်းနိုင်ပါတယ်။
  • Thuta Khit TV App ကိုသုံးဖို့အတွက် အင်တာနက် ဘယ်လောက်လိုလဲ?
    အင်တာနက်နဲ့ အသုံးပြုရတာဖြစ်တာကြောင့် လိုင်းကောင်းလေ ပိုအဆင်ပြေလေဖြစ်ပါတယ်။ ပုံသေတစ်ခုသက်မှတ်ထားတာတော့မရှိပါဘူး။
  • Thuta Khit TV App သုံးဖို့ VPN လိုအပ်ပါသလား?
    VPN လို/မလို သတ်မှတ်ချက်မရှိပဲ မိမိသုံးတဲ့ အင်တာနက်ပေါ်မူတည်ပြီး လိုအပ်ရင် အသုံးပြုကြည့်နိုင်ပါတယ်။
  • သက်တမ်းတွေကို ဘယ်အချိန်မှာတိုးလို့ရလဲ? ပိတ်ရက်ရှိပါသလား?
    Thuta Khit TV သက်တမ်းတိုးရန်အတွက် ရုံးပိတ်ရက်မရှိပဲ Monday မှ Sunday အထိ တစ်ပတ်လုံးဝယ်ယူသက်တမ်းတိုးနိုင်ပါတယ်။ သက်တမ်းဝယ်ယူနိုင်တဲ့အချိန်များကတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။

    [9:00 AM to 6:00 PM]

    [8:00 PM to 12:00 AM]

    ဖော်ပြပါ အချိန်အတွင် မေးမြန်းထားသော Messenger / Viber စာအ၀င်များကို အလှည့်ကျဖြေဆိုပေးသွားမှာဖြစ်ပါတယ်။

မိမိရဲ့စက်မှာ အသုံးပြုသူအများစု ကြုံတွေ့ရတတ်သော အခက်အခဲများ

    • သက်တမ်းလဲတိုးထားတယ် စက်မှာ ပရီမီယမ်မန်ဘာဖြစ်ရန်လိုပါသည်ပဲ ပြနေတယ် ဘာကြောင့်လဲ?

      Application နောက်ဆုံးဗားရှင်းဖြစ်ရဲ့လားစစ်ဆေးပေးပါ။ မိမိသက်တမ်းဝယ်ယူထားတဲ့ အကောင့်နဲ့ စက်မှာဝင်ထားတဲ့ အကောင့် တစ်ပုံစံတည်းတူလား စစ်ဆေးပါ။ အနည်းငယ်လွဲနေတာမျိုးဖြစ်နေရင် ၀ယ်ယူထားတဲ့အကောင့်နဲ့ Sign In ကပြန်မ၀င်ပဲ Sign Up မှ ပုံစံတူအကောင့်သစ်ထပ်ဖွင့်လို့ မည်သည့်သက်တမ်းမှ ပြန်မပါတာဖြစ်ပါတယ်။ လက်ရှိဝင်ထားတဲ့ အကောင့်ကို Logout နှိပ်ပြီး အကောင့်အမှန်နဲ့ Sign In ကပြန်ဝင်လိုက်ပါက လက်ကျန်သက်တမ်း ပြန်ပေါ်လာမှာဖြစ်ပါတယ်။

    • မိမိအကောင့်ပြန်ဝင်တဲ့အခါ Email & Password do not matches! လို့ပြနေတာဘာကြောင့်လဲ?
      မိမိထည့်သွင်းထားတဲ့ Email ကိုပြန်စစ်ပါ။ သက်တမ်းဝယ်ယူထားတဲ့ Email နဲ့ အသေးအကြီး အကုန်တူရပါမယ်။ Email မှန်ပြီဆိုရင် Password ပြန်စစ်ပါ။ ဒီနေရာမှာ အများစုမှားတတ်ကျတာကတော့ Password မမှန်လို့ဖြစ်ပါတယ်။ အဲ့အတွက် စိတ်ပူစရာမလိုပဲ သက်တမ်းဝယ်ယူထားတဲ့ နေရာမှ Admin နှင့်ဆက်သွယ်ပြီး Password Change ခိုင်းနိုင်ပါတယ်။
    • အကောင့်ဝင်တဲ့အခါ Something went wrong! try later ပြတာဘာကြောင့်လဲ?
      မိမိရဲ့အင်တာနက်လိုင်းကြောင့် ပြတဲ့စာသားဖြစ်ပါတယ်။ လိုအပ်ရင် VPN ခဏချိတ်ပြီး အကောင့်ပြန်ဝင်ကြည့်နိုင်ပါတယ်။
    • အချို့ Video တွေမှာ အသံမလာတာမျိုး / မိနစ်အပြည့်မပေါ်တာမျိုး ဘယ်လိုလုပ်ဆောင်ရမလဲ?
      မူရင်းဇာတ်ကားအားလုံး အသံပါပါတယ်။ စက်က Default Player နဲ့အသံမလာရင် / မိနစ်အပြည့်မပေါ်ရင် MX Player,VLC Player ထည့်ပြီးအသုံးပြုနိုင်ပါတယ်။ စက်ထဲမရှိသေးရင် Play Store နဲ့အဆင်ပြေတဲ့နေရာကဒေါင်းပါ။ ပြီးရင် Thuta Khit TV App Setting >> Player Setting မှာဖွင့်ချင်တာချိန်းပေးလိုက်ပါ။